Wednesday, April 1, 2015

"ဒို့လမ်းခွဲ"   <<< download here

Artists: Xbox, JR Soe, Gi Gi


Gi Gi: အိပ်ပျက်ခဲ့ညနက်တွေကုန်လို့  ပြတင်းပေါက်ကငေးကြည့်မိတယ် မင်းအရိပ်ကိုအမှတ်တမဲ့တွေ့လိုက်တယ်။
မေ့ပြစ်ဘို့ကြိုးစားခါနေတုန်း ငါ့စိတ်မှုန်ဝါးခဲ့မိတယ်  မင်းကသာငါ့အတွက်အကောင်းဆုံးပဲ။
အိုဘာကြောင့်ချစ်သူလေးရယ်မင်းထွက်ပြေးခါဟိုအဝေး   ငါ့မှာမျက်ရေကျစရာမရှိအောင်ငိုကြွေး ငါ့ရဲ့လက်တွေအချစ်   တွေအကုန်နင်ပြန်ပေး အရူးတော့မလုပ်သင့်ဘူး။
တကယ်ဆိုရင်မင်းအနားမှာ အမြဲတမ်း ငါဖြည့်စည်းမဲ့သူ နင်ဘာ့ကြောင့်ငါ့ရင်ကိုခွဲ။
နင်မလိုရင်ထားခဲ့ပါ နင်မေ့လိုက်ပါ အဆုံးသတ်မှာနင်နောက်တစ်ယောက်နဲ့ပျော်နေဆဲ။ ဒို့လမ်းခွဲ။

Xbox: ၂၀၁၂/ ၉လပိုင်း ၉ရက်မြောက်မှာ  ရင်ခွင်တံခါးကိုပိတ်လိုက်ပြီ   နားလည်မှူလွဲတာကြောင့်လား
အချိန်နာရီလူကိုမစောင့်ပါ ရေကြည်မြက်နုရာပေါက်လာ  မင်းကအစစ်အမှန်ကိုဖျောက်ခါ
အဆိုးဝါးဆုံးအချေအနေက  ဒို့၂ယောက်နှစ်ပတ်လယ်နေ့တောင်မင်းရောက်မလာ
ရန်ကုန်မြို့ထဲမှာတူတူသွားလာစားသောက်ခဲ့တဲ့မုန့်ဆိုင်များ
တစ်ကိုယ်တော်အထီးကျန်ဘဝကိုရောက်တော့မပြုံးနိုင်တော့ဘူး  ရှုံ့မှိုင်ထားတယ်
အသည်းကွဲသီချင်းတစ်ပုဒ်ရေဒီယိုမှာနားထောင်ပြီး ဇတ်လမ်းအစအဆုံးပြန်စဉ်းစား ငါ့ခန္ဓာကိုယ်လည်းတုံ့ဆိုင်းသွားတယ်
မှင်မရှိတဲ့ဘော်ပင်တစ်ချောင်းကိုလေနဲ့စုပ်ထုတ်လည်း  ပြုပြင်လို့မှမရတော့တာ စွန့်ပြစ်လိုက်အလုပ်ရှုပ်တယ်
အသစ်တစ်ခုပဝယ်ပြီး အသုံးပြုလိုက်တော့မယ် အချစ်အတုကိုကဲ မီးသဂြိုယ်သွင်းလိုက်ပေါတယ်
ပြကဒိန်ကြည့်တော့ ပြဿတားရက်မှာ ပြဿနာတက်ပြီးတစ်ခန်းရပ်
psycho  ရောဂါတစ်ခုရပြီးယုံကြည်မှူပျောက်ခါအကြမ်းဖက်
စက္ကန့်၆၀တစ်မိနစ်ပဲ  အဓိပ္ပာယ်မရှိမှတ်တမ်းတွေနဲ့  ပြီးဆုံးခဲ့ဇတ်လမ်းတိုတစ်ခုရေးသားဘို့ ဒို့လမ်းခွဲ

JR Soe: မင်းကအမြဲတမ်းမှန်တယ်...ကိစ္စတိုင်းကငါ့ရဲ့အမှား...မင်းကိစ္စကအရေးပိုကြီးတယ်ငါ့ကို အမြဲပဲခေါက်ထား....အသွေးနဲ့အသားရှိတယ် ငါလည်းနာကျင်တတ်တဲ့လူသား...ခံစားချက်မရှိတဲ့ စက်ရုပ်လို့များထင်နေလား....နာကျင်မှုမလိုချင်ပါ လိုအပ်ခဲ့တာ ကြင်နာမှု...ကြင်နာသူ မင်းကို တစ်ခါမှငါ မငြိုငြင်ဘူး တစ်ခါမှငါ မငြူ စူဘူး...တစ်ခါမှမင်းကို မျက်ရည်ကျအောင် မလုပ်ခဲ့ဘူ...ဒါပေမယ့်လဲ မင်းက မင်းရဲ့ အတ္တနဲ့မာန ကို ရှေ့တန်းတင်ထား..အသစ်တွေ့အဟောင်းမေ့တဲ့ အကျင့်အရ အခုကျတော့ ငါက မင်းအတွက်အရမ်းကဲ ရိုးလို့သွား..စိတ်နာငါစိတ်ပျက် ဘာ့ကြောင့်ငါ့ကို ရက်စက်..တစ်ကိုယ်ကောင်းဆန်တဲ့ မင်းရဲ့ ဆုံးဖြတ်ချက်က တဖတ်သတ်....ရတယ် ငါ့ကိုထားသွား...ပတ်သတ်ခဲ့တဲ့ အကြောင်းများ..မေ့နိုင်မှာပါငါ လွမ်းခဲ့ရင်တောင် နည်းနည်းပါးပါး

No comments:

Post a Comment